top of page

Students' Testimonial

hS.jpg

Hlaing Su Ngone

Director, Pone Nya Thukha Co.,Ltd

မင်္ဂလာပါ

ညီမနာမည်ကတော့ လှိုင်စုငုံ  ဖြစ်ပါတယ်ရှင်။

ညီမကတော့ ဆယ်တန်းအောင်ပြီးထဲက  AIM Institue of Management မှာ ABE(UK) Business Management Diploma ကို စတင် လေ့လာခဲ့ပါတယ်။ AIM က ဆရာကြီး ဆရာမကြီးတွေရဲ့သင်ကြားမှူကို သဘောကျလွန်းတာကြောင့်ပဲ Level 4 ပြီး Level 5 စသဖြင့် ဆက်တိုက်တက်ရောက်ခဲ့ပါတယ်။ Graduated ဖြစ်သွားပြီးတဲ့နောက်မှာ မိဘလုပ်ငန်းဖြစ်တဲ့ packaging လုပ်ငန်းကို ဦးဆောင်ခဲ့ပါတယ်။ လုပ်ငန်းကိုဦးဆောင်နေရင်းနဲ့ပဲ အပြိုင်အဆိုင်များလှတဲ့ စီးပွားရေးလောကမှာ continuous learning ဆက်ပြီးလုပ်နေသင့်တာကြောင့် PGSMနဲ့ AIM တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ IEMBA Programme ကိုတက်ရောက်ဖြစ်ခဲ့ပါတယ်။ PGSMကို AIM မှာေ ရွးချယ်တက်ရောက်ဖြစ်တာကတော့ ကိုယ်ဆယ်တန်းအောင်ပြီးထဲက တက်ခဲ့တဲ့ကျောင်းလည်းဖြစ်တာမို့ ဆရာကြီး ဆရာမကြီးများရဲ့ ထိရောက်သော သင်ကြားပုံနည်းစနစ်ကိုလည်း အကြွမ်းမဲ့ယုံကြည်တာကြောင့်လည်းပါသလို PGSMဟာ ပြင်သစ်နိုင်ငံရဲ့ စီးပွားရေး တက္ကသိုလ် 250 စာရင်းတွင် ထိပ်တန်း 10 ခုတွင် ရပ်တည်နေသော ကျောင်းဖြစ်တာကြောင့် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ 

IEMBAမှာ ရရှိခဲ့တဲ့ experience တွေကတော့ ညီမအတွက် အဖိုးမဖြတ်နိူင်အောင်ပါပဲ။ သင်ကြားပေးတဲ့ ဝါရင့်ဆရာကြီး၊ ဆရာမကြီးများကလည်း သီအိုရီကို သေချာနားလည်သဘောပေါက်အောင် သာမက case studyများနှင့်ပါ တွဲဖက်သင်ကြားပေးသောကြောင့် လုပ်ငန်းခွင်ထဲ၀င်တဲ့အခါမှာ သူများနှင့်မတူသော အတွေးအခေါ်သစ်များ ရှုထောင့်များဖြင့် တွေးခေါ်တတ်လာပါတယ်။  နိူင်ငံတကာလုပ်ငန်းပေါင်းများစွာရဲ့ issues ပေါင်းများစွာကို လေ့လာခဲ့ရတာမို့  စဉ်းစားတွေးခေါ်နိူင်မှုကလည်း တိုးတက်ပြောင်းလဲလာပါတယ်။ issues တခုခုလုပ်ငန်းခွင်မှာ ရင်ဆိုင်ကြုံတွေ့လာရရင်တောင် တည်ငြိမ်စွာနဲ့ ရင်ဆိုင်ဖြေရှင်းနိူင်လာပါတယ်။ စာသင်ရတဲ့ ပတ်၀န်းကျင်ကလည်း ၀န်ကျင်ကောင်းလေးတခုဖြစ်ပြီး အတန်းဖော်တဦးချင်း တယောက်ချင်းစီကလည်း လုပ်ငန်းအသီးသီးမှာ ရပ်တည်နေကြတဲ့သူတွေဖြစ်တာမို့  ဗဟုသုတများ၊ networkကောင်းများ အများကြီးလည်း ရရှိခဲ့ပါတယ်။ ဒီသင်တန်းပြီးသွားတဲ့အချိန်မှာ ညီမရဲ့ စီးပွားရေးနဲ့ပတ်သက်သော စဉ်းစားတွေးခေါ်နိူင်မှု စွမ်းရည်ကလည်း ပိုမိုတိုးတက်လာပြီး ကိုယ်ကိုကိုယ် ယုံကြည်မှုလည်းပိုရှိလာပါတယ်။ 

panhsu_edited.jpg

ဒေါ်စန္ဒီစိုးဦး

BBA ဘွဲ့ရ မပန်ဆုပြည့်စုံ ၏ မိခင်

ကျွန်မ က မပန်ဆုပြည့်စုံ ရဲ့ မိခင်ပါ။ 
ကျွန်မ သမီး GCE o’ Level အောင်ပြီး တဲ့အချိန် မှာ နိုင်ငံခြားမသွားဘဲ ဒီမှာ ဆက်လက်ပြီး ပညာ သင်နိုင်မဲ့ နည်းလမ်း ကို စုံစမ်းရင်း ဒီကျောင်းလေး ကို တွေ့ခဲ့ပါတယ်။ သွားရောက်စုံစမ်း တဲ့ အချိန် မှာ သေချာစွာ ရှင်းလင်း ပြောပြပြီး ကျွန်မ မေးသမျှ ကို စိတ်ရှည်လက်ရှည်ဖြေပေးကြပါတယ်။

ကျောင်းရဲ့ရှင်းပြလမ်းညွှန်မှု့နဲဘဲ Level-4 မှစတင်တက်ရောက်ခဲ့ပြီး စာသင်နှစ် တစ်နှစ်ပြီးတဲ့ အချိန်မှာ Double Diploma ရရှိခဲ့ပါတယ်။ Level-5 အတန်းကိုတက်ရောက်တဲ့ အချိန်မှာပဲ လုပ်ငန်းခွင်စတင်ဝင်ရောက်ခဲ့ပါတယ်။ HR Coordinator position နဲ့ အလုပ်စဝင်ခဲ့ပြီး​ ​နောက် HR Executive အဖြစ် HR နယ်ပယ်မှာ ဝင်​ရောက်လုပ်ကိုင်ခဲ့ပါတယ်။  ကျောင်း က သင်ပေးလိုက်တဲ့ သင်ခန်းစာတွေ ဟာ အမှန်တကယ် ထိရောက်တယ် လို့ သမီး က ပြောပါတယ်။ လုပ်ငန်းခွင်ထဲမှာ လက်တွေ့ အသုံးချ နိုင်ခဲ့ပါတယ် တဲ့။ AIM ကျောင်း မှ ဆရာ ဆရာမ များ၏ ကောင်းမွန်ရှင်းလင်းသော သင်ကြားမှု နှင့် သမီး ရဲ့ လိုက်နာမှုလုပ်ရည်ကိုင်ရည်တို့ကြောင့် အချိန်တိုတို အတွင်း မှာ နေရာတခုရရှိလာခဲ့ပါတယ်။ Level- 5 ပြီး လို့ Higher Diploma ပြီးတဲ့အချိန် မှာတော့ သမီး ကို ဒီဂရီ တခု ရစေချင် လို့ AIM ရဲ့ ​​ကျောင်းအုပ် ဆရာမဒေါ်မြတ်မွန်ဇော် နဲ့ သွားရောက်တိုင်ပင်ပြီး ဆရာမ ရဲ့ လမ်းညွှန်မှု နဲ့ BBA အတန်း ကို ဆက်လက်တက်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် အလုပ်လုပ်ရင်းနဲ့ ဒီဂရီတစ်ခု ကိုရရှိခဲ့ပါပြီ။ BBA ရပြီး​နောက်မှာ​တော့ Velvet Luna Travel and Tours မှာ HR Manager နဲ့ Mdy Branch Manager အဖြစ် တာဝန်ယူ လုပ်ကိုင် နေပါတယ်။ 
အခု လို ကျွန်မသမီး အလုပ်လုပ်ရင်း နဲ့ ဒီဂရီတခု ကို ရရှိတာဟာ ကျောင်းမှာ ရှိတဲ့ဆရာ ဆရာမ များ ရဲ့ ကောင်းမွန်သော သင်ကြားပြသမှုနှင့် စေတနာမေတ္တာများကြောင့် လို့ကျွန်မ ယုံကြည်ပါတယ်။ သမီးရဲ့ ပညာ​ရေးကို GCE 'O' level ပြီးချိန်မှစပြီး ဘွဲ့ ဒီဂရီ ရတဲ့အထိ ​တဲ့ လမ်းညွှန်​မှု ပေး၊ သင်ကြားပြသ​ပေးတဲ့ အတွက် AIM ကို ​ကျေးဇူးတင်ပါတယ်။ ​သမီးရဲ့ ကြိုးစားအားထုတ်မှု၊ ကျွန်မတို့ ဘက်ကလည်း ယုံကြည်စွာ လိုက်နာ ​ဆောင်ရွက်မှုနဲ့ ကျောင်းရဲ့ ပံ့ပိုးမှု​တွေ​ကြောင့် ​အောင်မြင်မှုရခဲ့တာပါ။ 

bottom of page