top of page
Search
AIM ADMIN

ကြောက်ရွံ့မှုကို အလဲထိုးနိုင်ခဲ့တဲ့ စွန့်ဦးတီထွင်သူလေး Mikaila Ulmer

Updated: Jun 20, 2020

အသက် ၁၁ အရွယ်မှာ Me & the Bees ဆိုတဲ့ ရှောက်သံပုရာရည်ကို စတင်ရောင်းချခဲ့ပြီး လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူလေးတစ်ဦး ဖြစ်နေတဲ့ Mikaila Ulmer ရဲ့ ဘ၀ဇာတ်ကြောင်းကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။


၂၀၀၉ ခုနှစ် သူမအသက် ၄ နှစ်အရွယ်မှာ ပျားတုပ်ခံခဲ့ရတဲ့ အဖြစ်အပျက်ဟာ ဒီလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ အကြောင်းအရင်းဖြစ်လာခဲ့ဟန် တူပါတယ်။ ပျားတုပ်ခံရလို့ ၀င်လာတဲ့ကြောက်စိတ်ကို ပြေပျောက်စေဖို့အတွက် သူမရဲ့ မိဘတွေဟာ ပျားတွေရဲ့ သဘာ၀ကို လေ့လာဖို့ တိုက်တွန်းခဲ့ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အရာရာကို စူးစမ်းလေ့လာလိုစိတ်ရှိတဲ့ Mikaila ဟာ ပျားတွေကို စူးစမ်းလေ့လာရင်းနဲ့ ကြောက်တဲ့စိတ်ပျောက်သွားတဲ့အပြင် သဘာ၀ပတ်၀န်းကျင်အတွက် အရေးပါတဲ့ ပျားတွေရဲ့ မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အခြေအနေကိုပါ လေ့လာတွေ့ရှိခဲ့ပါတယ်။

သက်ရှိတွေအပေါ် ချစ်မြတ်နိုးတဲ့ Mikaila တစ်ယောက် ပျားတွေအပေါ် ဘယ်လိုကယ်ဆယ်ရမလဲလို့ စဉ်းစားခဲ့ရာ အဘွားဖြစ်သူ Helen ရဲ့ ရှောက်သံပုရာကို ကိုယ်တိုင်ဖျော်စပ်ပြီး ရောင်းချဖို့ အကြံပေါ်လာခဲ့ပါတယ်။ သကြားအချိုတွေအစား သဘာ၀ပျားရည်စစ်စစ်နဲ့ ဖျော်စပ်ထားတဲ့ ရှောက်သံပုရာရည်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ရုံသာမက ပျားတွေကိုလည်း ကယ်တင်နိုင်လိမ့်မယ်လို့ သူမယုံကြည်ခဲ့ပါတယ်။ အစပိုင်းမှာ လှည်းလေးနဲ့ တစ်နိုင်တစ်ပိုင် ရောင်းချခဲ့ပြီး ရသမျှ အမြတ်ငွေထဲက ၁၀ရာခိုင်နှုန်းကို ပျားတွေကို ကယ်တင်ဖို့ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေ၊ ပျားမွေးမြူရေးလုပ်ငန်းတွေကို လှူဒါန်းခဲ့ပါတယ်။ ပျားရည်အရသာအပြင် ပင်စိမ်းအရသာ၊ ဂျင်းပြုတ်ရည်အရသာ၊ ရှားစောင်းလက်ပတ်အရသာ အစရှိသဖြင့် ပျားရည်ရောစပ်ပြီး တီထွင်ခဲ့တဲ့ သူမရဲ့ Me & the Bees ဖျော်ရည်တွေဟာ တဖြည်းဖြည်းနဲ့ လူသိများလာခဲ့ပါတယ်။ Whole Foods စတိုင်းဆိုင်တွေ၊ အဆင့်မြင့်ကုန်စုံဆိုင်တွေအပြင် ယခုအချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးစားသောက်ဆိုင်တွေအထိပါ တရား၀င်တင်သွင်းနိုင်သည်အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူလည်းဖြစ်၊ ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတဲ့ Mikaila Ulmer ရဲ့ ဘ၀ဇာတ်ကြောင်းကို မဂ္ဂဇင်းဂျာနယ်၊ တီဗီအစီအစဉ်တော်တော်များများမှာ ဖော်ပြခံခဲ့ရပြီး ဆုတံဆိပ်ပေါင်းများစွာလည်း လက်ခံရရှိခဲ့ပါတယ်။

အနာဂတ်စွန့်ဦးတီထွင်သူတွေအတွက် ဘယ်လိုအကြံဉာဏ်ပေးချင်လဲလို့ အင်တာဗျူးတစ်ခုမှာ မေးမြန်းခဲ့ရာမှာ ကိုယ့်ပတ်၀န်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို အမြဲနားစွင့်ပါ။ ပိုက်ဆံရှာဖို့အတွက်ပဲ အလုပ်လုပ်မယ့်အစား ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမြဲစဉ်းစားပါ။ သဘာ၀ပတ်၀န်းကျင်ကို အကျိုးပြုတဲ့ စွန့်ဦးတီထွင်သူဖြစ်ဖို့ ကြိုးစားပါ။ အကူအညီလိုအပ်နေတဲ့အရာတွေကို ဖြေရှင်းပေးဖို့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပါ။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာလည်း အမှန်တကယ်ရူးသွပ်ပါ။ ဒီအလုပ်ကို လုပ်ဖို့ စိတ်အားထက်သန်နေမှ ကိုယ့်အတွက် အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းမှာပါလို့ ဖြေကြားခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေ၊ အောင်မြင်တဲ့ စွန့်ဦးတီထွင်လိုသူတွေ ဖြစ်ချင်တဲ့လူငယ်တွေကို AIM Institute of Management က အမြဲကြိုဆိုလျက်ပါ။ abe-UK ရဲ့ ကမ္ဘာ့အမှတ်အများဆုံးဆုရှင် ကိုယ်တိုင် ဦးစီးတည်ထောင်ထားတဲ့ AIM Institute of Management ဟာ UK နိုင်ငံ abe accredited college တစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံမှ နာမည်ကြီးတက္ကသိုလ်များနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာအသိအမှတ်ပြုကျောင်းလည်း ဖြစ်ပါတယ်။ MBA, BBA, Business Management Diploma တွေကို သင်ကြားပေးနေပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေ၊ အမြင့်ကို တက်လှမ်းဖို့ ကြိုးစားနေတဲ့ မန်နေဂျာတွေ၊ ထူးချွန်လူငယ်တွေအပြင် ကမ္ဘာ့အဆင့် အမှတ်အများဆုံး ဆုရှင်တွေကို မွေးထုတ်ပေးနေတဲ့ မန္တလေးမြို့ အခြေစိုက် AIM Institute of Management သင်တန်းကျောင်းကို လာရောက်စုံစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

9 views0 comments

Recent Posts

See All

Comments


bottom of page