top of page
Search

Writing a great Assignment (Part-II)

ကျောင်းသူ ကျောင်းသားတိုင်းနဲ့ မကင်းနိုင်တာကို ပြောပါဆို Assignment ပဲမဟုတ်လား???

အရင်အပတ်က Assignment ကောင်းတစ်ပုဒ် ပြင်ဆင်နိုင်စေဖို့ အသုံးဝင်မယ့် Assignment Tips Part-1 ကို ဝေမျှပြီးဖြစ်လို့ ဒီနေ့မှာတော့ Part-2 ကိုဆက်လက် ဝေမျှသွားပေးမှာဖြစ်ပါတယ်။

3. Drafting and Approval

အကြမ်းပြင်ဆင်ပြီးသွားတဲ့ assignment ကို deadline မတိုင်မီ တစ်ပတ်ခန့်အလိုမှာ သင့်ရဲ့ သက်ဆိုင်ရာ ဆရာ၊ဆရာမ ဆီမှာ သွားရောက် ပြသ သင့်ပါတယ်။ သင့်ရဲ့ ဆရာ၊ဆရာဆီကနေ ပိုပြီးကောင်းမွန်တဲ့ assignment တစ်ခုဖြစ်လာစေမယ့် အကြံညဏ်တွေရရှိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆရာကို အစစအရာရာ အားကိုးတာမျိုးမဟုတ်ဘဲ မိမိရဲ့ အစွမ်းအစ ကြိုးစားအားထုတ်မှုများနဲ့ ပြင်ဆင်ထားတဲ့ assignment မျိုးဖြစ်ရပါမယ်။

4. Proof Read

Assignment ရေးလို့ပြီးသွားပြီလား။ ဒါဆို ရက်ပိုင်းလောက်ကြာရင် နောက်တစ်ခေါက်လောက် ထပ်ပြီး အစအဆုံးပြန်စစ်ကြည့်လိုက်ပါဦး။ ပြန်ဖတ်ကြည့်တဲ့အချိန်မှာ idea အသစ်တွေလည်းထွက်လာနိုင်သလို အမှားတွေ့လည်းပြန်ပြီးပြင်နိုင်မှာ ဖြစ်လို့ ရေးပြီးသွားတဲ့ assignment ကို နောက်တစ်ခေါက်ထပ်ဖတ်ဖို့ မပျင်းကြဖို့ အကြံပြုပါရ​စေ။

ပြန်လည်ဖတ်ရှုတဲ့အခါမှာလည်း grammar စာလုံးပေါင်းသတ်ပုံတွေသာမက ကိုယ့်ရဲ့ ရေးသားတင်ပြပုံဟာ နိဒါန်း၊စာကိုယ်၊ နိဂုံး စသဖြင့် ရှင်းရှင်းလင်းလင်း အစီအစဉ်တကျရှိမရှိ၊ word count အတွင်းရှိမရှိ၊ မေးတဲ့ မေးခွန်းအပေါ် ခြုံငုံမိအောင် ရေးသားနိုင်မှုရှိမရှိ စတာတွေကိုပါ ပြန်စစ်ဆေးဖို့ လိုအပ်တာပါ။

5. Plagiarism & Referencing

မှီးငြမ်းကိုးကားမှုမပါဘဲနဲ့ ပြည့်စုံကောင်းမွန်တဲ့ assignment တစ်စောင် ရေးသားဖို့ မလွယ်ပါဘူး။ assignment တင်တဲ့နေရာမှာ မိမိမှီးငြမ်းခဲ့တဲ့ စာအုပ်စာတမ်းများကို မဖြစ်မနေ ဖော်ပြပေးဖို့လိုအပ်ပါတယ်။ ဒီလို ဖော်ပြပေးခြင်းအားဖြင့် မိမိဟာ တိုက်ရိုက်ကူးယူထားတာမဟုတ်ကြောင်းကို တစ်ဖက်တစ်လမ်းကနေ ကူညီဖော်ပြပေးရာရောက်စေပါတယ်

Assignment မတင်ခင်မှာ anti plagiarism software ဖြစ်တဲ့ Quetextလိုမျိုးကို သုံးပြီးစစ်ဆေးသင့်ပါတယ်။examnier ဘက်ကလည်း အမှတ်ပေးတဲ့အခါမှာ plagiarism ကို စစ်ဆေးဦးမှာဖြစ်ပြီး အကယ်၍မိသွားခဲ့ရင်အပယ်ခံရနိုင်တာမို့ မိမိဘက်ကနေ ကြိုးစားထားသမျှ သဲထဲရေသွန်မဖြစ်စေဖို့အတွက် ဂရုပြုသင့်ပါတယ်။

Assignment ဆိုတဲ့ ကျောင်းသား ​ကျောင်းသူ​တွေအတွက် ရှောင်လွှဲလို့မရတဲ့အရာဖြစ်ပါတယ်။ ​ရှောင်ဖို့လည်း မစဥ်းစားကြ​စေချင်ပါဘူး။ ဘာလို့လဲ ဆို​တော့ လုပ်ငန်းခွင်မှာလည်း ကိုယ့်ရဲ့ ထင်မြင်ယူဆချက်​တွေ proposal ​တွေ ၊report ​တွေကို အများလက်ခံ​အောင် present လုပ်ရမှာပါပဲ။ ခု ကတည်းက ​လေ့ကျင့်လို့ရမယ့် အခွင့်အ​ရေး တစ်ခုလို့မြင်ပြီး ယခုဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် ​ကောင်းမွန်​တဲ့ assignment ​တွေကို ပိုပြီးလွယ်ကူစွာ ​ရေးသားနိုင်မှာ ဖြစ်ပါတယ်။

ဒီ tips လေးတွေအတိုင်းလိုက်နာပြီး ကောင်းမွန်သော Assignment များဖန်တီးနိုင်စေဖို့ မျှော်လင့်ပါတယ်။Part-1 မဖတ်ရသေးသူများလဲ အခု link လေးမှာ ပြန်ဝင်ကြည့်လို့ရပါတယ်။

https://www.aim.edu.mm/post/writing-a-great-assignment-part-1?fbclid=IwAR1oOVjilw1M31gVoD2IzeXD55jAn8H7xOmPbDhWl8DKjqTF1qeB0Tu0FeY

ဖတ်ပြီးသူများကတော့ ဒီ Part-2 လေးကို သူငယ်ချင်းတွေပါ ဖတ်ရှုနိုင်အောင် share လုပ်ပေးလိုက်ပါဦးနော်။

နောက်လဲ ကျောင်းသူ/သားများအတွက် သိထားသင့်တဲ့ tips လေးတွေ, Business Management နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ဝေမျှပေးဦးမှာမို့ AIM Institute of Management Page ကို like & See First လုပ်ထားဖို့ မမေ့နဲ့နော်။

#AIM #Assignment #Assignment_Writing

#MovingForwardwith_AIM #knowlwdge_sharing


71 views0 comments
bottom of page