top of page
Search

Writing a great Assignment

ရှောင်လွှဲမရတဲ့ Assignment ​အတွက် ဘယ်လို ပြင်ဆင်ရမလဲ ?


ကျောင်းသားကျောင်းသူများအနေနဲ့. Assignment ရေးရ​​​တော့မယ်ဆိုရင် ဘယ်ကစ​ရေးရမလဲ၊ကောင်းကောင်းရေးနိုင်ပါ့မလား၊ မေးတဲ့မေးခွန်းနဲ့ ကိုယ်ရေးသားထားတာနဲ့ကော ကိုက်ညီရဲ့လား စတဲ့ စိုးရိမ်မှုတွေ နဲ့ pressure တွေ ဝင်လာတတ်ပါတယ်။


ဒီလိုမျိုး မဖြစ်စေဖို့အတွက် အရေးကြီးဆုံးကတော့ အချိန်မဆွဲဘဲ စောစောကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်။


Assignment ကို စောစောစတင်ရေးသားကြတဲ့ ကျောင်းသားကျောင်းသူများဟာ deadline pressure တွေနဲ့ ကြုံ့တွေ့စရာ မရှိတတာကြောင့် ခေါင်းအေးအေးနဲ့ ​သေချာ အချိန်ယူ ရေးသားနိုင်မှာ ဖြစ်ပါတယ်။


​သေချာ အချိန်ယူ​ရေးသားတဲ့အခါမှာလဲ စနစ်တကျ နည်းလမ်းကို သိတယ်ဆိုရင် ပိုပြီး ရလဒ်​ကောင်းတဲ့ Assignment ဖြစ်​စေမှာပါ။ ဒါ​ကြောင့် Assignment ​ရေးရင် ကျင့်သုံးရမယ့် အ​ခြေခံအကျဆုံး နည်းလမ်းတချို့ကို မျှ​ဝေ​ပေးချင်ပါတယ်။


1. Question & Command words


assignment ရေးတော့မယ်ဆိုရင် ကျောင်းသားတိုင်းဟာ ဦးဆုံးမေးခွန်းကို ဖတ်ကြတယ်။ သို့ပေမယ့် ကျောင်းသား အများစုဟာ မေးခွန်းက ဘာမေးတာလဲ ကိုယ့်ကို ဘယ်လိုအချက်တွေတောင်းဆိုတာလဲဆိုတာ ကောင်းကောင်းနားလည်သဘောပေါက်တဲ့အထိ မဖတ်တော့ဘဲ သမံကာလျှံကာ ပဲ ဖတ်ပြီး assignmentရေးဖို့ ကြိုးစားကြတဲ့အခါမှာ အမေးတခြား အဖြေတခြား ဖြစ်တတ်ပါတယ်။


မေးခွန်းဖတ်တဲ့အချိန်မှာ key words တွေနဲ့ directive words တွေဖြစ်တဲ့ ( evaluate, discuss, and explain, critically analyse )စတဲ့ ကိုယ့်ကို ဘယ်လို တင်ပြ​စေချင်တယ်​ဆိုတာကို သေသေချာချာ ဂရုစိုက်ပြီး ဖတ်ရှုရမှာဖြစ်ပါတယ်။ သူ့ရဲ့ command words ​တွေကို အတိအကျ လိုက်နာပြီး​ တင်ပြဖို့ လိုပါတယ်။

ဥပမာ- "Business should be socially responsible." ဆိုတဲ့​ပေါ်မှာ "Discuss this statement" ဆိုရင် လုပ်သင့်/မလုပ်သင့် both view အတွက် discussion လုပ်​စေချင်တာမျိုး ဖြစ်ပြီး "To what extent do you agree or disagree" ဆိုတာမျိုး ဆိုရင် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကို ​တင်ပြရမှာ ဖြစ်ပါတယ်။

ဒါမှ assignment ရေးသားရာမှာ ဘယ်လိုမျိုး ရေးသားတင်ပြရမယ်ဆိုတာ သဘောပေါက်မှာ ဖြစ်ပြီး examiner ဆီက အမှတ်တွေကို ရယူနိုင်မှာပါ။


2. Research & Planning


ကြိုတင်ပြင်ဆင်ပြီးမှ ရေးသားတဲ့ assignment တစ်ခုကသာ စာစစ်သူရဲ့ မျက်လုံးထဲမှာ အခြားသာမာန် assignment တွေနဲ့ ကွဲထွက်ပြီး အမှတ်ပေးချင်စိတ်ဖြစ်လာမှာပါ။

ဒီအပိုင်းမှာတော့ မိမိရေးသားရမယ့် assignment ရဲ့ သတ်မှတ်ချက်တွေ ဖြစ်တဲ့ စကားလုံးအရေအတွက်၊ မိမိတင်ပြလိုတဲ့ အချက်တွေကို idea generate လုပ်ရမယ်၊ concept ​တွေကို ဘယ်လိုဘယ်ပုံ ချိတ်ဆက် တင်ပြရေးသားမလဲဆိုတာတွေကို ထည့်သွင်းစဉ်းစားရတော့မှာပါ။


မိမိဘယ်အချက်တွေထည့်သွင်းတင်ပြရမလဲ စဉ်းစားတဲ့အခါမှာ သင်ရိုးစာအုပ်ထဲမှာပါတဲ့ learning outcomes တွေနဲ့ assessment criteria တွေကိုမေ့ထားခဲ့လို့ မရပါဘူး။


​နောက်ထပ်အ​ရေးကြီးတာက​တော့ facts ပါ။ ခိုင်မာတဲ့ data, ​လေ့လာ​တွေ့ရှိချက်​ပေါ်မှာ အ​ခြေခံပြီး ​ရေးသားဖို့လိုပါတယ်။ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကို တင်ပြမယ်ဆိုရင်​တောင် ဒီခိုင်မာတဲ့အချက်​ပေါ်မှာ အ​ခြေခံပြီး သုံးသပ်ပြတာပဲ ဖြစ်သင့်ပါတယ်။ ငါဒီလို ထင်တယ်လို့ အလွတ်​ပြောလို့ မရပါဘူး။ အချက်အလက်တွေ ရှာဖွေတဲ့နေရာမှာလည်း ရည်ညွှန်းစာအုပ်တွေ၊ စာကြည့်တိုက်တွေ၊ အင်တာနက်ပေါ်က နောက်ဆုံးထွက် စာစောင်တွေ စတဲ့ အရင်းအမြစ်တွေကနေ ပါ ကြိုတင်လေ့လာဖတ်ရှုထားခြင်းအားဖြင့် ရေးသားတဲ့နေရာမှာ အတွေးကောင်းကောင်း အရေးကောင်းကောင်း ဖြစ်စေမှာ ဖြစ်ပါတယ်။



ကောင်းမွန်​သေသပ်တဲ့ Assignment ရေးနိုင်စေဖို့ Assignment tips Part-2 ကိုနောက်အပတ်မှာ ဆက်လက်​ဖော်ပြ​ပေးပါမယ်​နော်။


သူငယ်ချင်းတွေထဲမှာ Assignment လုပ်တိုင်း ညည်းနေတဲ့သူတွေရှိရင် ဒီtips လေးတွေကို မြင်အောင် share ပေးလိုက်ပါဦး။

နောက်လဲ အသုံးဝင်မယ့် အ​ကြောင်းအရာ​တွေကို အပတ်စဉ်ဝေမျှပေးသွားမှာဖြစ်လို့ AIM Institute of Management Page ကို အခုပဲLike & Follow လုပ်ထားလိုက်နော်။


​​​ကျောင်းသား ​ကျောင်းသူများလည်း ရည်မှန်းထားတဲ့ အတိုင်း ​အောင်မြင်ကြပါ​စေ။



168 views0 comments
bottom of page