top of page
Search

၂၀၁၉ ခုနှစ်မှာ ခေတ်စားလာခဲ့တဲ့ လုပ်ငန်းခွင်သုံး စကားလုံးများ

Updated: Jun 20, 2020

၂၁ ရာစု စီးပွားရေးလုပ်ငန်းခွင်အတွင်း တစ်ဖက်က ပြောလိုက်သော စကားလုံးကို မိမိအနေနဲ့ သိနေဖို့ ၊ သူများ နောက်ကောက်ကျမနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခုလို လုပ်ငန်းခွင်သုံး စကားလုံး အဓိပ္ပါယ်တွေကို AIM ကနေ ဖော်ပြပေးလိုက်ရပါတယ်။ မိမိနှင့်အတူ လုပ်ဖော်ကိုင်ဖက်တွေလည်း သိစေဖို့အတွက် မျှဝေပေးလိုက်ဦးနော်။


𝗗𝗘𝗖𝗞

ပထမဆုံး ပြောပြပေးမယ့် စကားလုံးကတော့ “𝗗𝗘𝗖𝗞” ဆိုတဲ့ စကားလုံးပါ။ ပုံမှန် အစည်းအဝေး ကျင်းပတဲ့အချိန် ၊ Client တွေနဲ့ သွားတွေ့တဲ့အချိန်၊ client ဘက်ကတောင်းဆိုတဲ့ proposal တွေကို ပြန်လည်ပြင်ဆင်ပြီး တင်ပေးရမယ့်အချိန်တစ်ခုမှာ တင်ပြရမယ့် Visual Presentation ကို “𝗗𝗲𝗰𝗸” လို့ သုံးနှုန်းကြပါတယ်။

E g. I will be submitting the updated 𝗱𝗲𝗰𝗸 during this week.


𝗚𝗢 𝗟𝗜𝗩𝗘

ဒုတိယ စကားလုံးကတော့ “𝗚𝗼 𝗟𝗶𝘃𝗲” ဆိုတဲ့ စကားလုံးပါ။ 𝗚𝗼 𝗟𝗶𝘃𝗲 ဆိုရင် အားလုံးက Social Media Platform မှာ Live လွှင့်ကြတာကိုပဲ သိထားကြမယ်ထင်ပါတယ်။ ဒါပေမယ့် အခု အသုံးအနှုန်းကတော့ ကိုယ်ရဲ့ ကုန်ပစ္စည်း ကိုယ်ပေးတဲ့ ဝန်ဆောင်မှုကို ဈေးကွက်ထဲအရောက်ထည့်ပေးခြင်းကို ဆိုလိုချင်တာပဲဖြစ်ပါတယ်။

E.g. Our new services will be 𝗴𝗼𝗶𝗻𝗴 𝗹𝗶𝘃𝗲 next month.


𝗜𝗧𝗟 – 𝗜𝗡𝗩𝗜𝗧𝗘𝗗 𝗧𝗢 𝗟𝗘𝗔𝗩𝗘

တတိယ စကားလုံးကတော့ “𝗜𝗧𝗟” ဆိုတဲ့ အတိုကောက် စကားလုံးပဲဖြစ်ပါတယ်။ 𝗜𝗧𝗟 ဆိုတာကတော့ 𝗜𝗻𝘃𝗶𝘁𝗲𝗱 𝘁𝗼 𝗟𝗲𝗮𝘃𝗲 ပါ။ တစ်စုံတစ်ယောက်ကို အကြောင်းအရင်းတစ်ခုခုကြောင့် အလုပ်ထုတ်ဖို့ဖြစ်လာတဲ့ အခြေအနေ(You're fired) လို့ပြောမယ့်အစား တစ်ဖက်လှည့် ပြောဆိုတဲ့နေရာမှာ သုံးတဲ့ အသုံးအနှုန်းပဲဖြစ်ပါတယ်။

E.g. I've been 𝗜𝗧𝗟. I don't know what I am going to do.


𝗟𝗜𝗠𝗜𝗧𝗘𝗗 𝗕𝗔𝗡𝗗𝗪𝗜𝗗𝗧𝗛

စတုတ္ထ စကားလုံးကတော့ “𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗕𝗮𝗻𝗱𝘄𝗶𝗱𝘁𝗵” ပါ။ Bandwidth လို့ဆိုလိုက်တာနဲ့ အင်တာနက်နဲ့သက်ဆိုင်တဲ့ စကားလုံးလို့ပဲ ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် ဒီနေရာမှာ သုံးထားတဲ့ 𝗹𝗶𝗺𝗶𝘁𝗲𝗱 𝗯𝗮𝗻𝗱𝘄𝗶𝗱𝘁𝗵 ဆိုတာကတော့ ကိုယ် တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေက အကန့်အသတ် ဖြစ်နေတာကြောင့် သူတစ်ပါးအကူအညီတောင်းလာတဲ့အချိန် 𝗹𝗶𝗺𝗶𝘁𝗲𝗱 𝗯𝗮𝗻𝗱𝘄𝗶𝗱𝘁𝗵 ဖြစ်နေပြီလို့ ပြောတဲ့အခါမှာ သုံးလို့ရပါတယ်။

E.g. I'm afraid but I am at my 𝗹𝗶𝗺𝗶𝘁𝗲𝗱 𝗯𝗮𝗻𝗱𝘄𝗶𝗱𝘁𝗵.


𝗨𝗧𝗧𝗥 – 𝗨𝗣 𝗔𝗡𝗗 𝗧𝗢 𝗧𝗛𝗘 𝗥𝗜𝗚𝗛𝗧

နောက်ဆုံး ပြောပြပေးမယ့် စကားလုံးကတော့ 𝗨𝗧𝗧𝗥 ဆိုတဲ့ အခေါ်အဝေါ်ပါ။ ကိုယ်လုပ်ငန်းရဲ့တိုးတက်မှုနေရာမှာပြတဲ့ အခြေပြဇယား (x,y bar graph) မှာ ညာဘက်ကို ရောက်လေလေ အပေါ်ကို တက်လေလေ ပိုမို တိုးတက်လာတဲ့ အခြေအနေကို ပြသခြင်းကို “𝘂𝗽 𝗮𝗻𝗱 𝘁𝗼 𝘁𝗵𝗲 𝗿𝗶𝗴𝗵𝘁 -𝗨𝗧𝗧𝗥” လို့ အသုံးပြုကြပါတယ်။

E.g. Our boss always mentions we should try to get 𝗨𝗧𝗧𝗥 in performance every time.


နောက်လည်း အခုလို သိမှတ်ဖွယ်ရာများကို တင်ပေးသွားမှာဖြစ်လို့ AIM Facebook Page ကို like လုပ်ပြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။


11 views0 comments
bottom of page