top of page
Search

***MBA နဲ့ EMBA ဘာကွာခြားသလဲ။ ဘယ်ဟာကို ရွေးချယ်သင့်သလဲ။***🎓 ✍ 🎓 ✍ 🎓 ✍ 🎓 ✍ 🎓 ✍ 🎓 ✍ 🎓

Updated: Jun 20, 2020



💡 အပြိုင်အဆိုင်များတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းဈေးကွက်ကြောင့် အခုနောက်ပိုင်းမှာဆိုရင် လူကြီး၊ လူလတ်၊ လူငယ်မရွေး စီးပွားရေးနဲ့ဆက်စပ်တဲ့သင်တန်းတွေ၊ ဘွဲ့တွေကို ရယူဖို့ စိတ်ဝင်စားလာကြပါတယ်။ ဒီထဲမှာရေပန်းအစားဆုံးကတော့ MBA လို့ခေါ်တဲ့ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့နဲ့ Executive MBA လို့ခေါ်တဲ့ လုပ်ငန်းခွင်လက်တွေ့ အသုံးချ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့တို့ပဲ ဖြစ်ကြပါတယ်။ ဘယ်တစ်ခုကိုရွေးချယ်မလဲဆိုတာ ဒွိဟဖြစ်နေသူတွေအတွက် ဒီထဲက အချက်အလက်တွေက အကူအညီဖြစ်နိုင်မှာပါ။

⚖️ လုပ်ငန်းခွင်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု

EMBA နဲ့ MBA အကြား အဓိက ခြားနားတဲ့အချက်ကတော့ EMBA ဟာ လုပ်ငန်းခွင် case studies တွေကိုကိုအခြေခံပြီး စီမံဆုံးဖြတ်ပုံတွေ၊ တွေးခေါ်စဉ်းစားပုံတွေကိုသင်ကြားလေ့ကျင့်ပေးတဲ့အတွက်ကြောင့် လုပ်ငန်းခွင်မှာချက်ခြင်းအသုံးပြုလို့ရမယ့် အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို ရရှိနိုင်ပါတယ်။ MBA ကတော့ သီအိုရီအချက်အလက်အသုံးပြုတာများပြီး ပိုစာတွေ့ဆန်ပါတယ်။ EMBA က လုပ်ငန်းခွင်လက်တွေ့ချက်ခြင်းအသုံးချမယ့်သူတွေအတွက် အသုံး၀င်ပြီး MBA ကတော့ သီအိုရီပိုင်းကိုဆက်သွားချင်သူတွေအတွက် အဆင်ပိုပြေပါတယ်။

🔧 လက်တွေ့အသုံး၀င်မှု

EMBA ဟာ လက်တွေ့အသုံးချဖို့အတွက်ကို ဦးတည်တဲ့အတွက် ကုမ္ပဏီတွေမှာ တွေ့ကြုံရတဲ့ အခြေအနေ အခက်အခဲတွေနဲ့ နည်းဗျူဟာ case studies တွေကိုလေ့လာနိုင်ပြီး လက်တွေ့လုပ်ငန်းခွင်မှာ ချက်ခြင်းအသုံးချနိုင်ဖို့ အခွင့်အရေးများတယ်။

အလုပ်ရှင်ဆိုလည်း သူ့လုပ်ငန်းခွင်မှာ လက်တွေ့ချက်ခြင်းအသုံးပြုနိုင်တဲ့အတွက် လုပ်ငန်းဖွံ့ဖြိုးမှုမြန်ဆန်နိုင်ပြီး ဝန်ထမ်းဆိုလည်း ပိုမိုမြင့်မားတဲ့စီမံခန့်ခွဲမှု နေရာကို ရောက်ဖို့အတွက် ချက်ခြင်းအသုံးဝင်နိုင်ပါတယ်။

👔 အလုပ်အကိုင်အခွင့်အလမ်း

လုပ်ငန်းခွင်အသုံးချ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုကိုသင်ကြားပေးတဲ့အတွက် EMBA က အလုပ်အကိုင်အခွင့်အလမ်း ပိုကောင်းပြီး လုပ်ငန်းခွင်ဆက်၀င်မယ့်သူတွေပိုတက်သင့်ပါတယ်။ MBA ကတော့ သီအိုရီနဲ့ ပိုပြီးစာတွေ့ဆန်တဲ့ Academic ဘက်ကိုသွားတဲ့အတွက် ဆရာဖြစ်ချင်သူတွေ၊ ပညာရှင်အဖြစ် ဆက်လက်လေ့လာချင်သူတွေ တက်သင့်ပါတယ်။

👥 စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခွင့်။

အပေါ်မှာပြောခဲ့ဖူးသလိုပဲ EMBA က စီမံခန့်ခွဲမှုလုပ်ငန်းခွင်အတွေ့အကြုံရှိသူများတက်တာဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ သိကျွမ်းခင်မင်ပြီး အတူလုပ်ကိုင်ဖို့ အခွင့်အလမ်းများပါတယ်။ MBA မှာလည်း ဒီလိုအခွင့်အရေးရှိတယ်ဆိုပေမယ့် EMBA နဲ့ ယှဉ်တဲ့အခါမှာတော့ နည်းပါးပါတယ်။

🕵 အလုပ်ရှင်ရဲ့ အကြိုက်။

အလုပ်ရှင်တွေက သူတို့ရဲ့ အတွေ့အကြုံရှိပြီးသား၀န်ထမ်းတွေကို ပိုမိုမြင့်မားတဲ့ စီမံခန့်ခွဲမှုပညာအရည်အချင်းတွေရယူစေလိုတဲ့အခါမှာ EMBA ကို MBA ထက်ပိုပြီး အကြိုက်တွေ့ကြပါတယ်။ ဒါကတော့ အလုပ်လုပ်နေရင်း တက်လို့ရတာရော၊ ပိုမိုကျယ်ပြန့်တဲ့စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းနဲ့ ချိတ်ဆက်မိနိုင်တာရောကြောင့်ဖြစ်ပါတယ်။

ခြုံငုံပြီးပြောမယ်ဆိုရင်

⭐️ MBA ရော EMBA ရောဟာ စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်ကိုသင်ကြားတာ၊ ပိုမိုကျယ်ပြန့်တဲ့အတွေးအမြင်နဲ့ လစာအခွင့်အလမ်း ရာထူးတိုးတက်ဖု့ိအခွင့်အလမ်းတွေကောင်းမွန်တာချင်းတွေတူပါတယ်။

⭐️ MBA ကတော့ academic ဆန်တဲ့အတွက် ပညာရှင်လိုင်းကိုလိုက်ချင်တဲ့သူတွေ၊ ကျောင်းဆက်တက်ချင်သူတွေအတွက် ပိုသင့်တော်ပြီး EMBA ကတော့ လက်တွေ့အခွင့်အရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုကောင်းတဲ့အတွက် လုပ်ငန်းဖွံ့ဖြိုးဖို့၊ အဆက်အသွယ်ရဖို့၊ နေရာကောင်းနဲ့ အလုပ်ကောင်းတွေရဖို့အတွက် ပိုအသုံးဝင်ပါတယ်။

16 views0 comments
bottom of page