top of page
Search

🏆 အောင်မြင်ချင်ရင် နောက်လိုက်လိုမတွေးနဲ့ 🏆

💵 သင်တန်းသားတွေနဲ့ စကားပြောတဲ့အခါ မေးဖြစ်တဲ့အရာတစ်ခုက လစာဘယ်လောက်လိုချင်လဲဆိုတာပါ။ တစ်ယောက်တစ်မျိုးဖြေကြတယ်။ ငါးသိန်း၊ ဆယ်သိန်း၊ သိန်းနှစ်ဆယ်၊ သိန်းငါးဆယ် စသဖြင့်ပေါ့။ များလေကောင်းလေဆိုတဲ့သူတွေချည်းပဲ။


👨🏻‍💼 အဲဒီမေးခွန်းနောက်မှာ နောက်ဆက်တွဲမေးခွန်းတစ်ခုမေးဖြစ်တယ်။ ကိုယ်က လုပ်ငန်းရှင်တစ်ယောက်ဆိုပါစို့။ ကိုယ့်ဆီမှာ လူတစ်ယောက်က အလုပ်လာလျှောက်တယ်။ အဲဒီလာလျှောက်တဲ့သူက ကိုယ့်အတိုင်းပဲ အရည်အချင်းရှိတယ်။ ကောင်းတာတွေ၊ ဆိုးတာတွေ၊ စိတ်နေစိတ်ထားနဲ့ အလုပ်လုပ်ပုံတွေ အစရှိသဖြင့် အရာရာမှာ အခုကိုယ်နဲ့ထပ်တူပဲ။ အဲဒီလိုလူတစ်ယောက်က ကိုယ့်ဆီကို အလုပ်လာလျှောက်တဲ့အခါ အခု ကိုယ်လိုချင်နေတဲ့ လစာနှုန်းထားနဲ့ ကိုယ်လိုချင်တဲ့ရာထူးမျိုး ခန့်မလားလို့။


💯 ခုနက ပျော်ပျော်ပါးပါး လစာတောင်းနေကြတဲ့အသံတွေတိတ်သွားတယ်။ ရိုးရိုးသားသားဖြေကြတယ်။ အများစုက မခန့်ဘူးတဲ့။ မခန့်ရခြင်း မပေးရခြင်း အကြောင်းရင်းက မတန်သေးလို့တဲ့။


၁။ နောက်လိုက်စိတ် ❌


📌 လူတော်တော်များများမှာ နောက်လိုက်စိတ်ရှိတယ်။

တာဝန်မယူတတ်တာ၊ ခိုင်းမှ ပြောမှ လုပ်တတ်တာ၊ အထက်အရာရှိအပေါ်မှာပဲ အစစအရာရာ မှီခို်နေတာ၊ ကိုယ့်ခံယူချက်တွေ တန်ဖိုးတွေနဲ့ ရည်ရွယ်ချက်တွေ ပြီးမြောက်ဖို့အတွက် လုပ်နေတာမဟုတ်ဘဲ တခြားသူတစ်ယောက်ယောက်က ခိုင်းမှပြောမှ လုပ်တတ်တာမျိုးတွေကို နောက်လိုက်စိတ်လို့ခေါ်တယ်။


📌 နောက်လိုက်စိတ်ရှိတဲ့သူတွေက သူတို့ရဲ့လက်ရှိအနေအထားကနေ မရုန်းထွက်ချင်ဘူး။ သက်တောင့်သက်သာနဲ့ မတိုးတက်တဲ့နေရာမှာပဲ ပျော်မွေ့နေတတ်ကြတယ်။ နောက်လိုက်စိတ်ရှိတဲ့သူတွေက မအောင်မြင်နိုင်ဘူး။ အဲဒါကြောင့် လူတစ်ရာမှာ ကိုးဆယ်ဟာ မအောင်မြင်ဘူး။ ဘဝကို သာမန်အဆင့်လောက်နဲ့ပဲ ကျေနပ်ကြရတယ်။


၂။ ဝန်ထမ်းနဲ့ အလုပ်ရှင်ကြားက သံသရာ 🔄


ဒီနောက်လိုက်စိတ်ပေါ်မူတည်ပြီး အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ မပြီးဆုံးနိုင်တဲ့သံသရာတစ်ခုလည်တယ်။

အလုပ်သမားတွေးတာက “ငါ့ကို ဒီလောက်ပဲလစာပေးထားတယ်။ အဲဒီအတွက် ဒီလောက်ပဲလုပ်ပေးမယ်”

အလုပ်ရှင်တွေးတာက “ဒီကောင် ဒီလောက်ပဲလုပ်နေတာ ဒီလောက်ပဲပေးမှာပေါ့။ ဘာလို့ရာထူးတိုးပေးမလဲ လစာတိုးပေးမလဲ”

ဒီမှာတင် သံသရာလည်နေတော့တာပဲ။


💢 ဒီသံသရာကို ဖောက်ထွက်မှရမယ်။ ဘယ်လိုဖောက်ထွက်မလဲ။ ဘယ်သူကအရင်ဖောက်ထွက်မလဲ။ 💢


📌 ဘယ်အလုပ်ရှင်ကိုမှ “ကျွန်တော့်ကို ရာထူးတိုးပေးပါ လစာတိုးပေးပါ အလုပ်ကြိုးစားပြမယ်” လို့ သွားပြောလို့မရဘူး။ ဖောက်ထွက်ရမယ့်သူက ကိုယ်တိုင်ပဲဖြစ်မှရမယ်။ ကိုယ့်ကိုကိုယ်ကလွဲရင် တခြားသူတွေကို ကိုယ်မပိုင်ဘူးလေ။


📌 ဝန်ထမ်း တစ်ယောက်က ဒါငါ့အလုပ်မဟုတ်ဘူး။ ငါနဲ့မဆိုင်ဘူး။ ငါတာဝန်ယူစရာမလိုဘူး။ ငါနေသာသလိုနေမှာပဲ။ မလိုအပ်ဘဲ အပင်ပန်းမခံပါဘူး၊ ငါ့ကို ခိုင်းတော့မှလုပ်မယ် စသဖြင့် နောက်လိုက်တစ်ယောက်ရဲ့ စိတ်ထားကို စတင်စွန့်လွှတ်ပြီဆိုတဲ့အချိန်မှာ လည်နေတဲ့သံသရာစက်ဝန်းက ရပ်တန့်သွားတယ်။


📌 တာဝန်အသစ်တွေပိုယူလာတယ်။ ကိုယ်ကနေ စတင်ဦးစီးဦးရွက်လုပ်လာတယ်။ လုပ်တဲ့အလုပ်တွေက တော်ရုံပဲဆိုတဲ့အဆင့်ကနေ ကောင်းမွန်တဲ့အဆင့်ကို တိုးတက်လာတယ်။ ကောင်းမွန်လာတယ်ဆိုတဲ့အခါမှာ အလုပ်ရှင်ဘက်ကနေလည်း ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာမှာပဲ။


၃။ နောက်လိုက်စိတ်ကို စွန့်လွှွတ်တဲ့အခါ တခြားတစ်ဘက်ကိုမြင်လာတယ်။ 🔍


📌 ဘယ်အလုပ်မှာပဲဖြစ်ဖြစ် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် တခြားတစ်ဘက်ကနေ စဉ်းစားတွေးကြည့်နိုင်တဲ့အစွမ်းက အောင်မြင်ဖို့အတွက် အခြေခံအကျဆုံးပဲ။ စစ်တိုက်တာတော်တဲ့ စစ်သူကြီးတစ်ယောက်က တစ်ဘက်ကရန်သူ ဘယ်လိုတွေးလဲဆိုတာကို စဉ်းစားနိုင်တယ်။ စာရေးကောင်းသူတစ်ယောက်က စာဖတ်တဲ့သူတွေ ဘာဖတ်ချင်မလဲဆိုတာကို ပုံဖော်ကြည့်နိုင်တယ်။ ထူးချွန်တဲ့အရောင်းသမားတစ်ယောက်က ဝယ်သူတွေ ဘာကိုလိုချင်တာလဲဆိုတာကို ခန့်မှန်းနိုင်တယ်။ ဝန်ထမ်းတွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တဲ့ လုပ်ငန်းရှင်ကောင်းတစ်ယောက်ဟာ ဝန်ထမ်းတစ်ယောက်လို ခံစားကြည့်နိုင်စွမ်းရှိတယ်။ ုယ်

ကိုယ့်ကိုကိုယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့အလုပ်သမားကောင်းတစ်ယောက်ဟာ အလုပ်ရှင်တစ်ယောက်လို တွေးကြည့်နိုင်စွမ်းရှိတယ်။ တစ်နည်းအားဖြင့် နောက်လိုက်တစ်ယောက်လိုပဲ အမြဲမြင်ပြီးတွေးတဲ့အတွေးတွေကို စွန့်လွှတ်နိုင်စွမ်းရှိတယ်။


📌 ကိုယ့်ကိုကိုယ်နဲ့ပတ်သက်လို့ သုံးသပ်တဲ့အခါ "ငါ" ဆိုတာနဲ့ပဲ အချိန်ပြည့်စဉ်းစားရင် ငါရာထူးမတိုးဘူး၊ ငါလစာမတက်ဘူး၊ ငါမပျော်ဘူးဆိုတာတွေပဲ မြင်ရတယ်။ ဒါပေမယ့် တခြားတစ်ဘက်ကကြည့်ကြည့်။ ငါအလုပ်ရှင်ဆို ငါလိုလူကို ရာထူးတိုးပေးမလား။ လစာတိုးပေးမလား။ ချီးမြှင့်မြှောက်စားထားမလားဆိုတာကို။


📌 လူတိုင်းက လစာတိုးလိုချင်တယ်၊ ရာထူးတက်ချင်တယ်။ ဒါပေမယ့် ရာထူးတိုးဖို့၊ လစာတိုးဖို့အတွက် ဘာတွေလုပ်ပြီးသွားပြီလဲ။ ကိုယ့်ကိုကိုယ်ဖွံ့ဖြိုးဖို့အတွက် ဘယ်လောက်အချိန်ပေးပြီးသွားပြီလဲ။ ဘယ်လိုတာဝန်အသစ်တွေယူပြီး ဘယ်လိုခေါင်းဆောင်မှုတွေ ပြပေးနိုင်ပြီလဲဆိုတဲ့ မေးခွန်းတွေမှာကျတော့ အဖြေမဲ့သွားရော။


📌 ငါဆိုတဲ့အစွဲနဲ့ တစ်ဘက်တည်းကြည့်တတ်တဲ့အမြင်ရယ်၊ နောက်လိုက်တစ်ယောက်လိုတွေးတဲ့အတွေးတွေရယ်ကို စွန့်လွှတ်နိုင်ပြီဆိုရင် ဖွံ့ဖြိုးတိုးတက်မှုတွေ ရောက်လာလိမ့်မယ်။ အဲဒီနောက်မှာတော့ အောင်မြင်မှုတွေပေါ့။


💹 ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အောင်မြင်ဖို့ဆိုတာက ဖြစ်နိုင်ပါတယ်။ ထိုက်တန်တဲ့ရင်းနှီးပေးဆပ်မှုတော့ရှိရမှာပေါ့။



9 views0 comments
bottom of page